မီးဖိုချောင်ပစ္စည်းများ ဈေးအနည်းငယ်ကျလာသည့် ထားဝယ်ဈေးကွက်
Dawei Watch
May 10, 2024ထားဝယ်ဈေးကွက်တွင် ငရုတ်၊ ကြက်သွန်၊ အားလူး စသည့် မီးဖိုချောင်ပစ္စည်းများ ယခုအပတ်တွင် ဈေးအနည်းငယ် ကျနေသည်။ ငရုတ်ပုခြောက် တစ်ပိဿာဈေးမှာ ပြီးခဲ့သည့်အပတ်က ၁၇၀၀၀ကျပ်စျေးရှိရာမှ ယနေ့ မေလ ၁၀ ရက်တွင် ၁၆၀၀၀ကျပ် စျေးရှိနေပြီး တစ်ပတ်အတွင်း တစ်ထောင်ကျပ် စျေးကျသွားသည်။ အလားတူ ကြက်သွန်နီ (မြစ်သား) တစ်ပိဿာ ၃၈၀၀ ကျပ်မှ ယနေ့ ၃၇၀၀ကျပ်၊ အာလူးတစ်ပိဿာ ၂၈၀၀ ကျပ်မှ ယနေ့ ၂၇၀၀ ကျပ်စျေးရှိနေပြီးတစ်ပတ်အတွင်း တစ်ပိဿာလျှင် တစ်ရာကျပ် အသီးသီး ဈေးကျသွားသည်။ ကြူကုတ်ကြက်သွန်ဖြူဈေးမှာလည်း ယခင်အပတ်က တစ်ပိဿာ ၁၅၀၀၀ကျပ်စျေးရှိရာမှ ယနေ့တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြင့် တစ်ပိဿာ တစ်ထောင်ကျပ် ဈေးကျလာသည်။ သို့သော် ကြက်သွန်ထူး၅ တစ်ပိဿာဈေးမှာလည်း ယခင်အပတ်က ၉၅၀၀ကျပ်မှ ယနေ့ […]