BREAKING
May 6, 2025

ကုန်ဈေးနှုန်း

ထားဝယ်တွင် ၁၄ ရက်မြောက် ရွှေဈေးမဖွင့် ၊ ဘတ်ဈေးတက်ရိပ်ပြ (ဇွန် ၁၈)

Dawei Watch

June 18, 2024

ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီမှုများလုပ်ဆောင်နေသည့်အတွက် ထားဝယ်ဈေးကွက်အတွင်း ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ်ရပ်နားထားသည်မှာ ၁၄ ရက်မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေအရောင်းအဝယ်ရပ်ထားပြီး ရွှေအထည်ပစ္စည်းများကိုသာ ရောင်းချနေသည်။ ထိုင်းဘတ်ဈေးမှာ တက်ရိပ်ပြလာပြီး  မြန်မာငွေတစ်သိန်းလျှင် ၈၃၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ထားဝယ်တွင် ၁၃ ရက်မြောက် ရွှေဈေးမဖွင့် ၊ ဘတ်ဈေး ပြန်ကျလာ (ဇွန် ၁၇)

Dawei Watch

June 17, 2024

ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီမှုများလုပ်ဆောင်နေသည့်အတွက် ထားဝယ်ဈေးကွက်အတွင်း ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ်ရပ်နားထားသည်မှာ ၁၀ ရက်မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေအရောင်းအဝယ်ရပ်ထားပြီး ရွှေအထည်ပစ္စည်းများကိုသာ ရောင်းချနေသည်။ ထိုင်းဘတ်ဈေးမှာ ဇွန်လ ၁၃ ရက်နေ့ ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ပြန်ကျလာပြီး  မြန်မာငွေတစ်သိန်းလျှင် ၈၄၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ထားဝယ်တွင် ၁၀ ရက်မြောက် ရွှေဈေးမဖွင့် ၊ ဘတ်ဈေးဆက်တက် (ဇွန် ၁၄)

Dawei Watch

June 14, 2024

ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီမှုများလုပ်ဆောင်နေသည့်အတွက် ထားဝယ်ဈေးကွက်အတွင်း ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ်ရပ်နားထားသည်မှာ ၁၀ ရက်မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေအရောင်းအဝယ်ရပ်ထားပြီး ရွှေအထည်ပစ္စည်းများကိုသာ ရောင်းချနေသည်။ ထိုင်းဘတ်ဈေးမှာ ဆက်တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၈၃၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဆီ၊ကြက်သွန်နှင့် အခြေခံစားသောက်ကုန်များ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

Dawei Watch

June 14, 2024

ထားဝယ်တွင် ယခုအပတ် ပြည်တွင်းထုတ် စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များ စျေးတက်နေသည်။ ပြည်တွင်းထုတ်စားသုံးဆီ အမျိုးအစားများဖြစ်သည့် ဇွဲတံဆိပ် ပဲဆီ တစ်ပိဿာဈေးမှာ ယခင်အပတ်က ၁၇၆၀၀ ကျပ်မှ ယနေ့ ၁၈၆၀၀၊နှမ်းဆီတစ်ပိဿာဈေးမှာ ယခင်ပတ်က ၁၀၄၅၀ကျပ်မှ ယနေ့ ၁၁၀၀၀ကျပ်ဖြစ်သွားသည်။ တစ်ပတ်အတွင်း စားသုံးဆီ ဈေးမှာ အမျိုးအစားအလိုက် ကျပ် ငါးရာကျော်မှ ကျပ် တစ်ထောင်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ယင်းအပြင်ကြက်သွန်နီ တစ်ပိဿာဈေးမှာ ယခင်အပတ်က ၂၆၀၀ကျပ်သာရှိက ယနေ့ ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ ထူး၄ တစ်ပိဿာဈေးမှာ ၁၁၄၀၀ ကျပ်မှ ယနေ့ ၁၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ထူးငါးတစ်ပိဿာဈေးမှ ၁၃၀၀၀ ကျပ်မှ ယနေ့ ၁၄၀၀၀ ကျပ် သို့ဈေးတက်သွားသည်။ တစ်ပတ်အတွင်းမှာ ကြက်သွန် နီ တစ်ပိဿာ […]

ဆန်၊ ဆီဈေးဆက်တက်ပြီး ကြက်သွန်ဈေးကျလာသည့် ထားဝယ်ဈေးကွက်

Dawei Watch

June 7, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ဆန်၊ ဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေး အနည်းငယ်ကျလာသည်။ မေလ ၂၄ ရက်နေ့ကစပြီး ထားဝယ်ဈေးကွက်တွင် ဆန်ဈေးမှာ ဆက်တိုက်တက်နေသည်။ မေလ ၂၄ ရက်နေ့က အကယ်ဒမီ ရက်ကိုးဆယ် ဆန်ကြမ်း တစ်အိတ်လျှင် ၁၁၄,၀၀၀ကျပ် စျေးရှိပြီး မေလ ၃၁ ရက်နေ့တွင် ၁၁၅,၀၀၀ကျပ်၊ ယနေ့ ဇွန်လ ၇ရက်တွင် ၁၁၆,၀၀၀ ကျပ် ဖြစ်လာသည်။ နှစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၂၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ထိုနည်းအတူ အောင်သီဟတံဆိပ် ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် မေလ ၂၄ ရက်နေ့က ၁၈၀,၅၀၀ ကျပ်စျေးရှိရာမှ မေလ ၃၁ ရက်နေ့တွင် ၁၈၁,၅၀၀ကျပ်၊ ယနေ့ ၁၈၅,၀၀၀ ကျပ်ဖြစ်လာသည်။ နှစ်ပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် […]

ထားဝယ်တွင် ဆန်၊ ဆီ ဈေးမြင့်တက်

Dawei Watch

May 31, 2024

မြန်မာကျပ်ငွေ တန်ဖိုးထိုးကျမှု၊ ရန်ကုန်-ထားဝယ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတို့ကြောင့် ထားဝယ်ဈေးကွက်တွင် ဆန်၊ ဆီနှင့် အခြား စားသောက်ကုန်များ ဈေးတက်နေသည်။ အကယ်ဒမီဆန် ရက်ကိုးဆယ် အမျိုးအစား ဆန်တစ်အိတ်လျှင် ယခင်အပတ်က ၁၁၄,၀၀၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၁၅,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမှာ ၁၈၀,၅၀၀ ကျပ်မှ ယနေ့ ၁၈၁,၅၀၀ကျပ်၊ အစိမ်းရောင်တံဆိပ် အကယ်ဒမီဆန်မှာ ၁၄၆,၀၀၀ ကျပ်မှ ၁၄၈,၀၀၀ကျပ်၊ အနီရောင်တံဆိပ် အကယ်ဒမီဆန်မှာ ၁၄၆,၀၀၀ကျပ်မှ ယနေ့ ၁၄၈,၅၀၀ကျပ် ဖြစ်သွားသည်။ တစ်ပတ်အတွင်း ဆန်အမျိုးအစားလိုက် တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၂၅၀၀အထိ ဈေးတက်သွားသည်။ ထိုနည်းအတူ ပုစွန်တံဆိပ်ယိုးဒယားဆီ တစ်လီတာတစ်ဘူးလျှင် ယခင်အပတ်က ၅၇၀၀ ကျပ်မှ ယနေ့ ၆၆၀၀ကျပ်၊ ပဲလုံးတံဆိပ် […]

ဆန်နှင့် ကြက်သွန်ဖြူဈေးတက်နေသည့် ထားဝယ်ဈေးကွက်

Dawei Watch

May 24, 2024

ထားဝယ်ဈေးကွက် ယခုအပတ် ရန်ကုန် ဈေးကွက်မှတစ်ဆင့် တင်သွင်းသည့် ဆန်နှင့်ကြက်သွန်ဖြူ ဈေးတက်နေသည်။ အကယ်ဒမီ ရက်ကိုးဆယ်အမျိုးအစား ဆန်တစ်အိတ်လျှင် ယခင်အပတ်က ၁၁၁၀၀၀ ကျပ်မှယနေ့ ၁၁၄၀၀၀ ကျပ် သို့ဈေးတက်သွားခြင်းဖြစ်သည်။ တစ်ပတ်အတွင်းဆန်တစ်အိတ် ၃၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ အကယ်ဒမီ အစိမ်းရောင် တံဆိပ်အမျိုးအစား ဆန်နှင့်အနီရောင်တံဆိပ် အမျိုးအစား ဆန်များမှာ နှစ်ပတ်ဆက်တိုက် ဈေးကွက်အတွင်းပြတ်နေသည်။ ကြက်သွန်ဖြူဈေးများမှာလည်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နေသည်။ ကြက်သွန်ဖြူထူး‌ လေး တစ်ပိဿာ ယခင်အပတ်က ၉၀၀၀ ကျပ်မှယနေ့ ၁၂၀၀၀ကျပ်၊ကြက်သွန်ဖြူထူးငါးတစ်ပိဿာဈေးနှုန်း ယခင်အပတ်က ၁၀၅၀၀ကျပ်မှယနေ့ ၁၂၀၀၀ကျပ် ၊ကြူကုတ်တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ယနေ့ ၁၅၀၀၀ကျပ်သို့ ဈေးတက်သွားသည်။ အမျိုးအစားလိုက်၍ တစ်ပတ်အတွင်း ကြက်သွန်တစ်ပိဿာ ၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဈေးတက်သွားခြင်းဖြစ်သည်။ ကုန်ပစ္စည်းသယ်ယူရာတွင် လမ်းခရီးတွင် ရက်ကြာလာသည်နှင့်အမျှ စရိတ်ကလည်း […]

တစ်ကျပ်သား ၅၁ သိန်းအထိ ဖြစ်လာသည့် ရွှေဈေး (မေ ၂၁)

Dawei Watch

May 21, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငါးဆယ်တစ်သိန်းကျပ်အတိ ဈေးဖွင့်ထားသည်။ ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရအ‌ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသောင်း တက်လာသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး  မြန်မာငွေတစ်သိန်းလျှင် ၉၁၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။