စားဖိုဆောင်သီးနှံအချို့ဈေးကျပြီး ဆန်စျေးထပ်တက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
May 24, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သီးနှံအချို့ ဈေးကျလျက်ရှိသည်။ ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် မေလ ၁၇ ရက်တွင် ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာ ၁၄၅၀၀ကျပ်မှ မေလ ၂၄ ရက် တွင် တစ်ပိဿာ ၁၃၅၀၀ကျပ်၊ ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်၊ ငရုတ်ပုခြောက် တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၁၇၅၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၅၀၀၀ကျပ်မှ ၄၅၀၀ကျပ်သို့ အသီးသီးဈေးကျသွားသည်။ ထို့ကြောင့် ရက်သတ္တပတ်တစ်ပတ်အတွင်း ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ရွှေအပ်ငရုတ်ခြောက် တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ငရုတ်ပုခြောက်နှင့် အာလူးတို့မှာ တစ်ပိဿာလျှင် ၅၀၀ကျပ်စီ ဈေးကျသွားခြင်းဖြစ်သည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ထူး ၄ မှာ ဇယားဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။ သို့သော် ဆန်ကြမ်းနှင့် ဆန်ချောမှာ ယခုသီတင်းပတ်အတွင်း ဈေးထပ်တက်လျက်ရှိသည်ကိုတွေ့ရသည်။ […]


