ဘတ်နှင့်ကျပ်လဲလှယ်ရာတွင် မြန်မာငွေစျေးပြန်တက်၊ တစ်ဘတ် ကျပ် ၇၀ ဝန်းကျင် ပြန်ရောက်
diz_admin
September 30, 2022ထိုင်းဘတ်နှင့် မြန်မာငွေလဲလှယ်ရာတွင် ကျပ်ငွေတန်ဖိုးပြန်တက်လာပြီး တစ်ဘတ်လျှက် ကျပ် ၇၀ ဝန်းကျင်အထိပြန်ရောက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လကုန်က ထိုင်းငွေ တစ်ဘတ်လျှင် တစ်ရာကျပ်ဝန်းကျင်အထိ ရောက်ရှိသွားရာမှ စက်တင်ဘာလကုန်တွင် ကျပ်ခုနှစ်ဆယ်ကျပ်ဝန်းကျင်အထိ ဈေးကျသွားခြင်းဖြစ်သည်။ ယနေ့ (စက်တင်ဘာ ၃၀) ပေါက်ဈေးအရ ထိုင်းငွေ တစ်ဘတ်လျှင် ၇၁ ကျပ်ရှိနေပြီး အချို့နေရာများတွင် ၆၈ ကျပ်အထိရောက်သွားကြောင်း၊ နေရာအပေါ် မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိနိုင်ကြောင်း စျေးကွက်အတွင်းမှသိရသည်။ အမေရိကတွင် ဘဏ်အတိုးနှုန်း မြှင့်တင်လိုက်ပြီးနောက်ပိုင်း နိုင်ငံတကာငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးက မြင့်တက်လာခဲ့သည်။ ထိုသို့ ဒေါ်လာဈေးတက်လာသည့် နောက်ဆက်တွဲအနေဖြင့် ထိုင်းဘတ်ငွေနှင့် မြန်မာငွေလဲလှယ်နှုန်းထား ကျဆင်းလာခြင်းဖြစ်သည်။ ကျပ်ငွေနှင့် ထိုင်းဘတ်ငွေလဲလှယ်နှုန်းထားမှာ ခန့်မှန်းရခက်နေသည့် အနေအထားတွင် ရှိနေကြောင်း ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “အခုဖြစ်နေတာက ဘတ်ကို အခုဝယ်ထားရင် […]


