BREAKING
October 19, 2025

သုံးသပ်ချက်

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

August 12, 2023

စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်က မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှု အားလုံးကိုရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း လိုက်တက်သွားပြီး အမြင့်ဆုံးဈေးတွင် ရောက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့် အတက်ဈေးရောက်နေသည့် ရွှေဈေးမှာ စင်ကာပူဘဏ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းက မီးလောင်ရာလေပင့် ဖြစ်သွားစေခဲ့သည်။ နှစ်သောင်းတန်ဂယက်ကြောင့် ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီးနောက်  ၁၂ ရက်အကြာတွင် တစ်ကျပ်သားလျှင် ၃၅ သိန်းကျော်ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် ရက်ပိုင်းအကြာတွင် စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် United Overseas Bank (UOB) ကမြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူများ အဓိကအသုံးပြုနေသည့် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

Dawei Watch

August 6, 2023

နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ယခုအပတ်လည်း ရွှေဈေးကို တိတိကျကျ ဈေးမဖွင့်နိုင်သေးဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း အတက်ဈေးတွင် ဆက်ရှိနေသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အပြောင်းအလဲမြန်သည့်ရွှေဈေး နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့် ဇူလိုင်လ ၂၃ ရက် (တနင်္ဂနွေနေ့) မှစတင်ကာ ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်နီးပါးကြာလာသည်။ ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းနှင့် ၃၆ သိန်းကြား ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီး အချိန်နာရီအလိုက် ဈေးအတက်အကျဖြစ်နေခဲ့သည်။ ဩဂုတ်လ ၄ ရက် (သောကြာနေ့) မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းနှစ်သောင်းဖြင့် ဈေးစဖွင့်ခဲ့သည်။ သို့သော် အချိန်တိုင်း […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 29, 2023

နှစ်သောင်းတန်ငွေစက္ကူဂယက်ကြောင့် ယခုအပတ်ရွှေဈေးမှာ တိတိကျကျ ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ခုန်တက်သွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တစ်ပတ်လုံး ဈေးမဖွင့်သည့်ရွှေ နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့် ဇူလိုင်လ ၂၃ ရက်(တနင်္ဂနွေနေ့)မှစကာ ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေခဲ့သည်။ ဇူလိုင်လ ၂၂ ရက်နေ့ကမူ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းကျော်ခြောက်သောင်းဝန်းဖြင့် ရောင်းချနေခဲ့သည်။ စစ်ကောင်စီက ကြေညာသည့်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းအထိ ဈေးပေါက်ခဲ့သော်လည်း ရွှေဆိုင်များအပါအဝင် ရွှေဒိုင်များတွင်ပါ အရောင်းပိတ်ထားခဲ့သည်။ နောက်ရက်များတွင်လည်း အခေါက်ရွှေဈေးမှာ တိတိကျကျမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေခဲ့သည်။ တိကျသည့်ဈေးမဖွင့်ခဲ့သော်လည်း ယခုအပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 22, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင်တန့်နေပြီး အလှုပ်အခတ်နည်းနေသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် တန့်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြိမ်းခဲ့ပြီးပြီး ယခုအပတ်တွင် တန့်နေခဲ့သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းကျပ် ဝန်းကျင်တွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးငြိမ်နေခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တရွေ့ရွေ့တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါး ဈေးပေါက်နေသည်။ ယခုအပတ်ထိုင်းဘတ်ဈေးမှာ တစ်ရက်နှင့်တစ်ရက် ပြားဂဏန်းသာ အတက်အကျရှိနေခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၁၄ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။ ဆက်တိုက်တက်လာသည့် ဓာတ်ဆီဈေး ဓာတ်ဆီဈေးမှာ တရိပ်ရိပ်တက်လာပြီး တစ်လီတာလျှင် […]

ဈေးအတက်ကြမ်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

Dawei Watch

July 16, 2023

ယခုအပတ်ရွှေဈေးမှာ ဆက်တိုက်တက်လာပြီး ဈေးအမြင့်ဆုံး အခြေအနေသို့ ရောက်လာခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်လာသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်းအခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်ကြမ်းသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြမ်းခဲ့ပြီး အမြင့်ဆုံးဈေးသို့ ရောက်နေသည်။ ယခုအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းကျော်အထိရှိလာပြီး တစ်ရက်နှင့် တစ်ရက်ကြားမှာပင် ငွေကျပ်လေးသောင်းအထိ ဈေးတက်ခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းတစ်သောင်းကျပ်မှ သုံးဆယ်နှစ်သိန်း ခြောက်သောင်းကျပ်အထိ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ ဆက်တိုက်တက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါးအထိ ဈေးမြောက်နေသည်။ ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်စွန်းစွန်းသာ ပေါက်ဈေးရှိရာမှ ယခုအပတ်တွင် ဆက်တိုက်ဈေးတက်လာသည်။ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 8, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် အတက်အကျများစွာဖြင့် မတည်မငြိမ်ဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ပြန်ကျလာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် မတည်ငြိမ်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းကျော်အထိ ထိုးတက်သွားပြီးနောက် ယခုအပတ်တွင် အလှုပ်အခတ်များနေခဲ့သည်။ ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်လေးသောင်းခွဲအထိ အတက်အကျဖြစ်နေပြီး မတည်မငြိမ်ဖြစ်နေခဲ့သည်။ ယခုတစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်တစ်သိန်းလေးသောင်းမှ သုံးဆယ့်တစ်သိန်းရှစ်သောင်း ငါးထောင်ကျပ်အကြား ပေါက်ဈေးရှိခဲ့သည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်က အရေးယူပိတ်ဆို့ပြီးနောက်ပိုင်း ရွှေဈေးတက်သွားသည့်အပေါ် စစ်ကောင်စီက ပြန်လည်ထိန်းညှိရန် ကြိုးစားနေသည်။ ရန်ကုန်နှင့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊စစ်ဆေးမေးမြန်းခြင်းများကြောင့် […]

အတက်အကျများခဲ့သည့် ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 1, 2023

ယခုအပတ်ရွှေဈေးမှာ အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အမြင့်ဆုံးသို့ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အမြင့်ဆုံးသို့ ခုန်တက်သွားသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းကျော်ဖြင့် ဆက်တိုက်ငြိမ်နေရာမှ ယခုအပတ်တွင် ရုတ်တရက်ထိုးတက်လာသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်သမ္မတ၏ အမိန့်ဖြင့် အရေးယူပိတ်ဆို့ပြီး နောက်ပိုင်းတွင် ယင်းကဲ့သို့ ဈေးတက်သွားခြင်းဖြစ်သည်။ ထိုသို့ ဈေးအတက်ကြမ်းနေသဖြင့် ရွှေဆိုင်အချို့က အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ဆိုင်းထားကြသည်။ ယခုအပတ် ထိုင်းဘတ်ဈေးလည်း  ရွှေဈေးနှင့်အတူ တက်လာသည်။ ပြီးခဲ့သည့်အပတ်က […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 24, 2023

ယခုအပတ်ရွှေဈေးမှာ ငြိမ်နေရာမှာ ရုတ်တရက်ဈေးတက်သွားသည်။ ထိုင်းဘတ်ဈေးမှာ တက်လာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ခုန်တက်လာသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းဝန်းကျင်ဖြင့် ဆက်တိုက်ငြိမ်နေရာမှ ယခုအပတ်တွင် ရုတ်တရက်ထိုးတက်လာသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်တစ်သိန်းခြောက်သောင်းအထိ ဈေးပေါက်နေခြင်းဖြစ်သည်။ ဇွန်လ ၂၃ ရက်နေ့ မြိတ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် ကျပ်သုံးဆယ့်နှစ်သိန်း(၃၂၀၀၀၀၀ ကျပ်) ဈေးဖွင့်ထားသည်။ သို့ရာတွင် ဈေးအတက်ကြမ်းနေသဖြင့် ရွှေဆိုင်အချို့က အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ဆိုင်းထားကြသည်။ ယခုအပတ် ထိုင်းဘတ်ဈေးလည်း  ပြန်တက်လာသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်နီးပါးရှိရာမှ  နောင်ရက်များတွင် ဈေးတက်လာသည်။ ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် […]