ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
December 3, 2023ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အတက်အကျ နည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။ ဓာတ်ဆီဈေးမှာမူ ဆက်တိုက်ငြိမ်နေရာမှာ သောကြာနေ့(ဒီဇင်ဘာလ၁ရက်)တွင် ရုတ်တရက်ထိုးတက်သွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် တစ်ပတ်လုံး ဈေးဖွင့်ထားခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၆ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ အတက်အကျနည်းနေပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၆ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၄၅ ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှာ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုတ်တရက်ထိုးတက်သွားပြီး ၉၂ […]