အလှုပ်အခတ်နည်းသည့် ရွှေနှင့်ဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
diz_admin
November 5, 2022ယခုအပတ်တွင် ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ဈေးတန်းတစ်ခုတွင် အလှုပ်အခတ်နည်းနေသည်။ ပြီးခဲ့သည့်အပတ်ကတည်းက ဈေးအတက်အကျနည်းနေသည့် ရွှေဈေးမှာ ယခုအပတ်တွင်လည်း ဈေးငြိမ်နေသည်။ ထိုင်းဘတ်ဈေးမှာလည်း ရွှေဈေးနှင့်အတူ ငြိမ်နေပြီး ဈေးတန်းတစ်ခုတွင် တန့်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းတွင် အီနေသည့် ရွှေဈေး အခေါက်ရွှေဈေးမှာ ယခုတစ်ပတ်လုံးတွင် ဈေးအီနေပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းသာ ရှိနေခဲ့သည်။ အောက်တိုဘာလ ၃၁ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်း သုံးသောင်းဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိသလောက်ဖြစ်နေခဲ့ပြီး အဆိုပါဈေးတန်းဖြင့်ပင် ဈေးဖွင့်နေခဲ့သည်။ ထိုကဲ့သို့ ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း […]