BREAKING
October 18, 2025

သုံးသပ်ချက်

ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားတဲ့ စစ်ခေါင်းဆောင်ရဲ့ တနင်္သာရီခရီး

Dawei Watch

September 23, 2025

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မကြာသေးခင်က တနင်္သာရီတိုင်း ခရီးစဉ်ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ စီးပွားရေးမြှင့်တင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ထားဝယ်နဲ့ မြိတ်ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ သူက ဒေသရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ကတိတွေ အများအပြား ပေးခဲ့ပါတယ်။ “မိမိအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း” ဆိုပြီးလည်း စက်တင်ဘာလ ၁၈ ရက်နေ့ ထားဝယ်မြို့ခရီးစဉ်မှာ မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ မင်းအောင်လှိုင်ရဲ့ ကတိတွေဟာ အပေါ်ယံကြည့်လိုက်ရင် အားတက်စရာကောင်းပုံရပေမယ့် လက်ရှိ မြေပြင်က တိုက်ပွဲတွေအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ပြန်ချိန်ထိုးကြည့်မယ်ဆိုရင်တော့တကယ်တမ်း အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲတဲ့ မက်လုံးတွေ၊ မရေရာတဲ့ မျှော်လင့်ချက်တွေပဲ ဖြစ်နေတာကို တွေ့ရမှာပါ။ တစ်ဖက်မှာလည်း လုံခြုံရေးကိုသာ […]

မက်ဂရီဂေါ်ရဲ့ BKFC မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ထည့်သွင်းကျင်းပတော့မယ်

Dawei Watch

July 11, 2025

UFC ရဲ့ နာမည်ကျော် ဖိုက်တာ ကွန်နော် မက်ဂရီဂေါ် (Conor McGregor) က ရှယ်ယာအများစုကို ပိုင်ဆိုင်ပြီး ပူးတွဲပိုင်ရှင်အဖြစ် ရပ်တည်နေတဲ့ BKFC (Bare Knuckle Fighting Championship) ပြိုင်ပွဲကနေ မြန်မာ့ရိုးရာလက်ဝှေ့ကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပတော့မယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ BKFC ဆိုတာ ဘာလဲ BKFC ဆိုတာ လက်သီးဗလာ တိုက်ခိုက်ရေး (Bare Knuckle Boxing) ပြိုင်ပွဲတွေကို ဦးဆောင်ကျင်းပနေတဲ့ ကမ္ဘာ့ထိပ်တန်း ပရိုမိုးရှင်းတစ်ခု ဖြစ်ပါတယ်။ မက်ဂရီဂေါ်လို နာမည်ကြီး ဖိုက်တာတစ်ဦးက ရှယ်ယာအများစု ပိုင်ဆိုင်ပြီး ပူးတွဲပိုင်ရှင်အဖြစ် ပါဝင်နေတာကြောင့် ဒီပရိုမိုးရှင်းရဲ့ ဩဇာလွှမ်းမိုးမှုက ပိုပြီး ကြီးမားလာပါတယ်။ လက်သီးဗလာတိုက်ခိုက်ရေးဆိုတာကလည်း ပြင်းထန်ပြီး ကြည့်လို့ကောင်းတဲ့ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 2, 2024

ယခုအပတ် ရွှေဈေးမှာ ဈေးကွက်ကမောက်ကမဖြစ်သွားသည်အထိ စံချိန်တင်တက်ခဲ့ပြီး အကျလည်းကြမ်းခဲ့သည်။ ထိုင်းဘတ်ဈေးလည်း အမြင့်ဆုံးဈေးတန်းသို့ ရောက်သွားပြီးနောက် ကျရိပ်ပြန်ပြခဲ့သည်။ စက်သုံးဆီဈေးမှာ အပြောင်းအလဲမရှိဘဲ တောက်လျှောက်ငြိမ်နေရာမှ ရုတ်တရက် ပြန်ကျသွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေသမိုင်းတစ်လျှောက် စံချိန်တင်တက်သွားပြီးနောက် ဈေးကွက်အတွင်း ကမောက်ကဖြစ်ကာ အရောင်းအဝယ်ရပ်ဆိုင်းသည်အထိ အလှုပ်အခတ်ကြမ်းခဲ့သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်းကျော်အထိ ခုန်တက်သွားပြီးနောက် စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် အရောင်းပိတ်လိုက်သည်အထိ ဖြစ်သွားခဲ့သည်။ ထိုနောက် အမြင့်ဆုံးဈေးတန်းသို့ ရောက်နေသည့် အခေါက်ရွှေသည် မေလ ၃၁ ရက်နေ့တွင် ရုတ်တရက်ပြန်ကျသွားပြီး တစ်ကျပ်သားလျှင် ၂ သိန်းခွဲနီးပါးအထိ ပြုတ်ကျသွားသည်။ ဈေးကွက်လေ့လာသူများ၏အဆိုအရ အခုကဲ့သို့ ရွှေစျေးကျသွားခြင်းမှာ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

May 18, 2024

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်တက်သွားပြီး အမြင့်ဆုံးဈေးတန်းသို့ ထိုးတက်သွားသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ ရုတ်တရက်ထိုးကျသွားသည်။ တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တောက်လျှောက်တက်လာသည့် အခေါက်ရွှေဈေးသည့် ယခုအပတ်တွင် စံချိန်တင်တက်သွားပြီး အမြင့်ဆုံးဈေးတန်းသို့ ရောက်သွားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံးဈေးသို့ တက်သွားခြင်းဖြစ်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းငါးဆယ်နီးပါးအထိ ပေါက်ဈေးရှိနေသည်။ ဈေးကွက်အတွင်း သောကြာနေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၉၉၀၀၀၀ (လေးဆယ့်ကိုးသိန်းကိုးသောင်း)ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၉၂၀ ဘတ်အထိ ဈေးဖွင့်ခဲ့သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ရုတ်တရက်ထိုးကျသွားသည်။ ထားဝယ်ဈေးကွက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၂၇၅၅ […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

May 12, 2024

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်တက်သွားပြီး အမြင့်ဆုံးဈေးသို့ ရောက်သွားခဲ့သည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ ရုတ်တရက်ထိုးကျသွားသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တောက်လျှောက်တက်လာသည့် အခေါက်ရွှေဈေးသည့် ယခုအပတ်တွင် စံချိန်တင်တက်လာပြီး ဈေးတန်းအမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းကာလတွင် အမြင့်ဆုံးဈေးသို့ ရောက်လာခြင်းဖြစ်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၄၈ သိန်းစွန်းစွန်းအထိ ဈေးဖွင့်ခဲ့သည်။ ဈေးကွက်အတွင်း သောကြာနေ့ ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၈၂၀၀၀၀ (လေးဆယ့်ရှစ်သိန်းနှစ်သောင်း) ကျပ် ပေါက်ဈေးရှိခဲ့သည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၉၃၃ ဘတ်အထိ ဈေးဖွင့်ခဲ့သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ရုတ်တရက်ထိုးကျသွားသည်။ ထားဝယ်ဈေးကွက်တွင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

May 5, 2024

ရွှေဈေးစံချိန်တင်တက်နေရာမှ ယခုအပတ်တွင် ကျရိပ်ပြလာပြီး ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အပြောင်းအလဲအနည်းငယ်ဖြင့် တောက်လျောက် ဈေးဖွင့်ထားသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ ကျရိပ်ပြခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ပြီးခဲ့သည့်အပတ်က စံချိန်တင်တက်ခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် ကျရိပ်ပြလာသည်။ ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် ၄၈ သိန်းအထိ အမြင့်ဆုံးတက်ခဲ့ပြီးနောက် ငွေကျပ်သောင်းဂဏန်း ပြန်ကျလာသည်။ ဈေးကွက်အတွင်း သောကြာနေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၇၄၀၀၀၀ (လေးဆယ့်ခုနစ်သိန်းလေးသောင်း)ကျပ် ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင်ပင် နေ့စဉ် အပြောင်းအလဲ နည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုအပတ်အတွင်း မြန်မာငွေတစ်သိန်းလျှင် ၉၃၇ ဘတ်နှင့် ၉၄၈ ဘတ်ကြား ဈေးဖွင့်ထားခဲ့သည်။ ယခုအပတ် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

April 27, 2024

ယခုအပတ် ရွှေဈေးသည် တောက်လျှောက်တက်နေပြီး စံချိန်တင်အမြင့်ဆုံးဈေးသို့ ရောက်နေသည်။ ထိုင်းဘတ်ဈေးလည်း ပုံမှန် လိုက်တက်လာပြီး ဈေးတန်းအမြင့်တွင် ရှိနေသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ တက်ရိပ်ပြခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်အခေါက်ရွှေဈေးမှာ အတက်အကျကြမ်းကြမ်းဖြင့် စံချိန်တင် အမြင့်ဆုံးဈေးသို့ ရောက်နေခဲ့သည်။ နေ့စဉ်အလှုပ်အခတ်ကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်ကိုးသောင်းအထိ အပြောင်းအလဲ ရှိခဲ့သည်။ ထိုင်းဘတ်ဈေးလည်း နေ့စဉ်ပုံမှန် တက်နေပြီး အမြင့်ဆုံးဈေးတန်းသို့ ရောက်နေသည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၄၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် တက်ရိပ်ပြလာသည်။ ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် […]

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

April 14, 2024

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်ဈေးမြင့်သွားပြီးနောက် အတက်အကျကြမ်းခဲ့သည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေပြီး တက်ရိပ်ပြခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်အခေါက်ရွှေဈေးမှာ စံချိန်တင်ဈေးတန်းအမြင့်တွင် အတက်အကျကြမ်းခဲ့ပြီး တစ်ရက်နှင့်တစ်ရက် ဈေးနှုန်းကွာဟချက်များခဲ့သည့် ကာလဖြစ်သည်။ နေ့စဉ်အလှုပ်အခတ်ကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းကျော်အထိ အပြောင်းအလဲ ရှိခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ့်ရှစ်သိန်းဝန်းကျင် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ဈေးအမြင့်တွင်ပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ထိုင်းငွေ ၁ ဘတ် လျှင် ၁၀၃ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၆၇ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ […]