ကြက်သွန်ဖြူ၊ ငရုတ်ဈေးကျသည့် ထားဝယ်ဈေးကွက်
Dawei Watch
March 16, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူနှင့် ငရုတ်ဈေးကျလာသည်။ ယခုနှစ်အသစ်ထွက်ရှိသည့် ကြက်သွန်ဖြူထူး ၄ မှာ ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၈ ရက်နေ့က တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ မတ်လ ၁၅ ရက်နေ့တွင် တစ်ပိဿာ ၇၅၀၀ ကျပ်သို့ဈေးကျသွားသည်။ သီတင်းပတ် တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၃၅၀၀ ကျပ်ဈေးကျသွားခြင်းဖြစ်သည်။ ထို့အတူ ရွှေအပ် အမျိုးအစား ငရုတ်ခြောက်ဈေးမှာ တစ်ပတ်အတွင်း တစ်ပိဿာကျပ် ၁၀၀၀ ဈေးကျသွားသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်မတ်လ ၈ ရက်နေ့က ရွှေအပ်ငရုတ် တစ်ပိဿာဈေးနှုန်းမှာ ၁၄၅၀၀ ကျပ်မှ မတ်လ ၁၅ ရက်နေ့တွင် ၁၃၅၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။ ယင်းအပြင် ပြည်တွင်းထုတ် စားသုံးဆီဖြစ်သည့် ရွှေအုံ အမှတ်တံဆိပ် ပဲဆီမှာ မတ်လ ၈ […]