ပြည်တွင်းထုတ် စားသုံးဆီဈေးတက်လာသည့် ထားဝယ်ဈေးကွက်
Dawei Watch
August 23, 2024ထားဝယ်တွင် ယခုသီတင်းပတ်အတွင်း ပြည်တွင်းထုတ် စားသုံးဆီဈေးနှုန်းများမြင့်တက်နေသည်။ အမေထွားတံဆိပ် မြေပဲဆီ တစ်လီတာလျှင် ယခင်အပတ်က ၉၀၅၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၀,၆၀၀ကျပ်၊ ဇွဲတံဆိပ် မြေပဲဆီ တစ်ပိဿာလျှင် ၁၈,၆၀၀ကျပ်မှ ယနေ့ ၂၀,၇၀၀ကျပ်၊ နှမ်းဆီတစ်လီတာလျှင် ၁၁၀၀၀ကျပ်မှ ယနေ့ ၁၁,၇၀၀ကျပ် ဖြစ်လာသည်။ ပြည်တွင်းထုတ် စားသုံးဆီဈေးမှာ အမျိုးအစားအလိုက် တစ်ပတ်အတွင်း တစ်လီတာလျှင် ကျပ် ၆၀၀ ကျော်မှ ကျပ် ၁၀၀၀ကျော်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ သို့သော် ယခင်အပတ်များက အတက်ကြမ်းသည့် ပုစွန်နှစ်ကောင်တံဆိပ်၊ ပဲလုံးတံဆိပ် ယိုးဒယားဆီများမှာ ယခုသီတင်းပတ်တွင် ဈေးအကျဘက် ပြန်ရောက်လာခဲ့သည်။ ယခင်သီတင်းပတ်က ပုစွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီ တစ်လီတာ ၁၂,၅၀၀ကျပ်စျေးရှိခဲ့ပြီး ယနေ့ ၁၀,၂၀၀၊ ပဲလုံးတံဆိပ်မှာလည်း ၁၂,၅၀၀ကျပ်မှ ယနေ့ ၁၁,၀၀၀ကျပ် စျေးရှိသည်။ […]