ဆန်နှင့်မီးဖိုချောင်သုံးကုန်အချို့ ဈေးကျသည့် ထားဝယ်ဈေးကွက်
Dawei Watch
September 28, 2024ထားဝယ်ဈေးကွက်တွင် ဆန်အပါဝင် မီးဖိုချောင်သုံးပစ္စည်းအချို့ ယခုအပတ်တွင် ဈေးကျလာသော်လည်း အသားနှင့်ငါးဈေးများ မြင့်တက်နေသည်။ ယခင်အပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၁၁၂၀၀၀ ကျပ်မှ ယနေ့ ၁၀၈၀၀၀ ကျပ်၊ပေါ်ဆန်းတစ်အိတ်လျှင် ၁၇၁၅၀၀ ကျပ်မှ ယနေ့ ၁၇၁၀၀၀ ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ် ၄၀၀၀ ကျပ်၊ဆန်ချော တစ်အိတ်လျှင် ၁၀၀၀ ကျပ် ဈေးပြန်ကျသွားခြင်းဖြစ်သည်။ ယင်းအပြင် ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသုံးဆီ၊ကြက်သွန်၊ငရုတ်၊ အာလူးဈေးနှုန်းများလည်း အသီးသီးဈေးပြန်ကျလာသည်။ ယခင်အပတ်က ပုစွန်နှစ်ကောင်တံဆိပ် ယိုးဒယားဆီ ၁လီတာလျှင် ၈၄၀၀ကျပ်မှ ယနေ့ ၈၂၀၀ကျပ် ၊ပဲလုံးတံဆိပ် ယိုးဒယားဆီ ယခင်အပတ်က ၁လီတာ ၉၅၀၀ကျပ်မှ ယနေ့ ၈၇၀၀ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်အတွင် ပုစွန်တံဆိပ်ဆီ ၁လီတာ ၂၀၀ကျပ်၊ ပဲလုံးတံဆိပ် ဆီတစ်လီတာ ၈၀၀ကျပ် […]