ကြက်သွန်နှင့် ငရုတ်ဈေး ပြန်ကျလာသည့် ထားဝယ်ဈေးကွက်
Dawei Watch
December 9, 2024ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ကြက်သွန်နှင့် ငရုတ်သီးခြောက်ဈေးနှုန်းများ ပြန်ကျလာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကြက်သွန်ဖြူထူး (၄) တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ် စျေးရှိရာမှ ဒီဇင်ဘာလ ၇ရက်တွင် ၁၅၃၀၀ ကျပ် ဖြစ်လာသည်။ ကြက်သွန်ဖြူထူး (၅) မှာ တစ်ပိဿာ ၁၇၀၀၀ ကျပ်မှ ဒီဇင်ဘာလ ၇ရက်တွင် ၁၆၅၀၀ကျပ်၊ ကြက်သွန်ဖြူကျူကုတ် မှာလည်း တစ်ပိဿာလျှင် ၁၉၅၀၀ ကျပ်မှ ဒီဇင်ဘာလ ၇ရက်တွင် ၁၉၀၀၀ ကျပ်သို့ ဈေးကျသွားခြင်းသည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ အမျိုးအစားအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်ငါးရာမှ ကျပ်ခုနစ်ရာအထိ ဈေးကျသွားခြင်းဖြစ်သည်။ ထို့အတူ ရွှေအပ်ငရုတ်သီးခြောက်ဈေးမှာလည်း တစ်ပိဿာလျှင် ကျပ်တစ်ထောင် ဈေးကျသွားသည်။ ပြီးခဲ့သည့် သီတင်းပတ်က ရွှေအပ် ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ […]