ဆန်ဈေးတက်ပြီး ဆီဈေးကျလာသည့် ထားဝယ်ဈေးကွက်
Dawei Watch
January 26, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးတက်ပြီး စားသုံးဆီဈေးကျလာသည်ကို တွေ့ရသည်။ မိုးပျံမြောင်းမြပေါ်ဆန်းဆန်ချော တစ်အိတ်လျှင် ပြီးခဲ့သည့်သီတင်းပတ်က ၁၅၉၀၀၀ ကျပ်စျေးရှိရာမှ ဇန်နဝါရီလ ၂၅ရက်တွင် ၁၆၂၀၀၀ ကျပ်သို့ဈေးတက်သွားသည်။ တစ်ပတ်အတွင်း မိုးပျံမြောင်းမြပေါ်ဆန်းဆန် တစ်အိတ်လျှင် သုံးထောင်ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ပြည်တွင်းထုတ်စားသုံးဆီမှာ ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။ ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၁၈ ရက်က ပြည်တွင်းထုတ် စားသုံးဆီ ရွှေအုံတံဆိပ်အမျိုးအစား တစ်ပိဿာလျှင် ၂၄၁၅၀ကျပ်စျေးရှိရာမှဇန်နဝါရီလ ၂၅ ရက်က တစ်ပိဿာ ၂၁၈၅၀ ကျပ်သို့ ဈေးပြန်ကျသွာသည်။ တစ်ပတ်အတွင်း၌ စားသုံးဆီတစ်ပိဿာလျှင် ၂၃၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။ မီးဖိုချောင်သုံးပစ္စည်းအချို့မှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။ သို့သော် ကြက်သွန်နီ (မြစ်သား) တစ်ပိဿာဈေးမှာ ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် ဇန်နဝါရီလ ၁၈ ရက် ဈေးနှုန်းထက် ယမန်နေ့၌တစ်ပိဿာလျှင် […]