Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲ အတွက် ညမထွက်ရအမိန့် တစ်ညရုပ်သိမ်းလိုက်တဲ့အကြောင်း
- နှစ်သစ်ကူးအကြိုနေ့ ကမြောကင်းတံတားဂိတ် ဗုံးချတိုက်ခိုက်ခံရပြီး ကျောင်းသူတွေအပါအဝင် ကအရပ်သား ငါးဦး ဒဏ်ရာရခဲ့တဲ့အခြေအနေ
- စစ်အာဏာရှင်တပ်သားတွေက သရက်ချောင်းဒေသခံတွေဆီမှာ ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်လုပ်လာတာ
- လောင်းလုံးမြို့နယ်က ကျေးရွာနှစ်ရွာမှာလည်း နေအိမ်တွေကို စစ်အာဏာရှင်တပ် ဖောက်ထွင်းပြီး ပစ္စည်းတွေယူဆောင်သွားတဲ့အကြောင်း
- တနင်္သာရီဒေသခံ လူငယ်တစ်ဦး ထိုင်းနိုင်ငံ ဟွာဟင်မြို့မှာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့တာ
- ထိုင်းနိုင်ငံမှာ မူကထစားရာကနေ ၁၃ ဦး သေဆုံးခဲ့တဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






