BREAKING
October 27, 2025

မြိတ်တွင် ငါးဖမ်းလှေမီးလောင်ပြီး လှေလုပ်သားသုံးဦးဒဏ်ရာရ

December 31, 2022

မြိတ်မြို့တွင် ငါးဖမ်းလှေတစ်စီး ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နေ့လယ်ပိုင်းက မီးလောင်ကျွမ်းပြီး လှေလုပ်သားသုံးဦး မီးလောင်ဒဏ်ရာရကြောင်း အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအသင်းများထံမှ သိရသည်။

နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လှေဝမ်းဗိုက်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကယ်ဆယ်ရာတွင်ပါဝင်ခဲ့သည့် ပရဟိတသမားတစ်ဦးက ပြောသည်။

“ဒဏ်ရာကတော့ စိုးရိမ်စရာတော့ မရှိပါဘူး။ ကျွန်တော်တို့ အခုဆေးရုံ ပို့လိုက်ပြီးပြီ” ဟု ၎င်းက ပြောဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် မီးလောင်ကျွမ်းရသည်ကိုမူ တာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်သည်ဟု ပရဟိတအသင်းများထံမှ သိရသည်။

မီးလောင်ရာသို့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်မီးသတ်တပ်ဖွဲ့ဝင်းများ လာရောက် မီးငြှိမ်းသတ်ပြီး မီးလောင်ပြီး တစ်နာရီအကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်ကလည်း မြိတ်ရေပြင်တွင် ရပ်နားထားသည့် စပိဘုတ်တစ်စီး မီးလောင်ခဲ့ သေးသည်။