BREAKING
October 31, 2025

တနင်္သာရီမြို့နယ် ထိန်းချုပ်နယ်မြေတွင် လူငယ်များကို အခြေခံအင်္ဂလိပ်စာသင်တန်းပေး

March 31, 2024

တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်ဒေသတွင် လူငယ်ရှစ်ဆယ်နီးပါးကို အခြေခံအင်္ဂလိပ်စာ သင်တန်း ပေးခဲ့ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြုလုပ်သည့် နွေရာသီ Basic English Grammar Course သင်တန်းကို နှစ်လ အကြာ သင်ကြားပေးပြီးနောက် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ပညာရေး ဘုတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တော်လှန်ရေးကာလအလွန်မှာ ကျွန်တော်တို့ကလေးတွေကို နောက်ကျကျန်ခဲ့တာမျိုး မဖြစ်စေချင်လို့ပါ” ဟု အဆိုပါ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်က ပြောသည်။

ထိုသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရေးမိသားစုဝင်များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။