Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရွေးကောက်ပွဲနေ့ တိုင်းအစိုးရရုံး တိုက်ခိုက်ခံရမှု လဝက အရာရှိတစ်ဦး ဒဏ်ရာရတဲ့အကြောင်း
- ပုလောပညာရေး ဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရမှု ရည်ရွယ်ချက်နဲ့ ကြိုတင်ကြံစည်တာဖြစ်နိုင်လို့ ထုတ်ပြန်လိုက်တာ
- ဘုတ်ပြင်း ဘိုဒါးရွာ အထိုင်စခန်းကို တော်လှန်ရေးအင်အားစုတိုက်ခိုက်လို့ စစ်အာဏာရှင်တပ် စခန်းစွန့်ထွက်ပြေးသွားတဲ့အခြေအနေ
- ထိုင်းတောင်ပိုင်းက ဘတ် ၂ သန်းဆု လက်ဝှေ့ပွဲမှာ ချန်ပီယံဖြစ်သွားတဲ့ ၁၇ နှစ်အရွယ် ထားဝယ်လူငယ် အကြောင်း
- မတော်တဆမှုကြောင့် လက်ဆုံးရှုံးရတဲ့ မြန်မာလုပ်သား တစ်နှစ်ကျော်ကြာအထိ နစ်နာကြေးမရတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






