ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပလ၊ တိုရွာတွင် ပစ်ခတ်သံများထွက်ပြီးနောက် မီးလောင်နေ

December 30, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၂) ရပ်ကွက် တိုရွာတွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မီးစတင်လောင်ကျွမ်းနေကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အမှတ် (၂) ဖက်က မီးခိုးလုံးကြီးတွေ တက်နေတာ မြင်နေရတယ်။ အနည်းဆုံးတော့ အိမ်လေးငါးဆောင်လောက် လောင်နေတဲ့သဘောပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ပြောဆိုသည်။

မီးလောင်သည့် အကြောင်းအရင်းကို Dawei Watch မှ စုံစမ်းနေဆဲဖြစ်သည်။

တိုရွာသည် ပလမြို့၏ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်ဖြစ်ပြီး အိမ်ခြေငါးရာအထက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။