BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်း

August 30, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• ထားဝယ်အရှေ့တောမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ဖြစ်နေတဲ့အကြောင်း

• သေနတ်ဆော့ကစားရာက ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတဲ့ကိုရင် ပျံလွန်တဲ့သတင်း

• မြိတ်က ကျေးရွာတွေမှာ စစ်မှုထမ်းအကြောင်းပြ အဓမ္မငွေတောင်းတာများလာတဲ့ အခြေအနေ

• ပလမြို့ဝန်းကျင်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလို့ တိုက်ပွဲပြင်းထန်နေတဲ့သတင်း

• မျှင်ငါးပိ ရှားပါးချိန်ဖြစ်ပေမယ့် ဈေးကောင်းမရတဲ့ အခြေအနေ

• လောင်းလုံးမှာ စပါးစျေးတက်လာပြီး အရောင်းအဝယ်ပြန်သွက်လာတဲ့အကြောင်း

• ကျွန်းစုမှာ တိုက်ပွဲပြင်းထန်လာမှာစိုးလို့ ကွမ်းသီးနုခူးရောင်းသူများလာတဲ့သတင်း

• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “တော်လှန်ရေးအယောင်ဆောင်ပြီး သားကောင်ရှာလိမ်လည်သူတွေများလာတဲ့” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။