BREAKING
October 30, 2025

ကြက်သွန်ဖြူနှင့် စားအုန်းဆီဈေးမြင့်လာသည့် မြိတ်ကုန်စည်ဈေးကွက်

June 30, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ယခုအပတ်၌ ကြက်သွန်ဖြူနှင့် စားအုန်းဆီဈေးမြင့်တက်လာသည်။

ယခင်ပတ်က ကြက်သွန်ဖြူ(ထူး၅)တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်တက်လာပြီး ၉၀၀၀ ကျပ်အထိ ရောင်းချနေကြသည်။

ကြက်သွန်ဖြူ(ထူး၄) တစ်ပိဿာလျှင် ယခင်အပတ်က ၇၅၀၀ ကျပ်မှ ၅၀၀ ကျပ်တက်သဖြင့် ယခုအပတ်တွင် ၈၀၀၀ ကျပ်နှုန်း ဖြစ်လာခဲ့သည်။

၁၀ ပိဿာဆံ့ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ယခင်အပတ်က ၆၄၀၀၀ ကျပ်သာရှိပြီး ယခုအပတ်တွင် ၆၆၀၀၀ ကျပ်ဖြစ်နေသည်။

ယင်းမတိုင်မီ ၆၄၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်အထိမြင့်တက်လာပြီးမှ ၆၆၀၀၀ ကျပ်သို့ ဈေးပြန်ကျခြင်းဖြစ်သည်။

ပဲလုံး၊ နေကြာ၊ ပုဇွန်နှစ်ကောင် စသည့် အမှတ်တံဆိပ်ပါ ဆီဈေးနှုန်းတို့သည် တစ်လီတာလျှင် ကျပ်ရာဂဏန်းအထိ အနည်းငယ်မြင့်တက်လာသည်။

ဆန်ဈေးနှုန်းမှာ နှစ်ပတ်ဆက်တိုက် တည်ငြိမ်နေဆဲ ဖြစ်သည်။