BREAKING
October 20, 2025

တရုတ်၊ အိန္ဒိယနှင့် စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးစတင်

March 30, 2025

ပုံစာ - စင်ကာပူနိုင်ငံက လာရောက်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်။ Photos - Myanmar Fire Services Department

Dawei Watch၊ မတ် ၃၀

တရုတ်၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံက လာရောက်သည့် ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များသည် ယနေ့ မတ်လ ၃၀ ရက် နံနက် ၇နာရီစမှတင်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျပြီး မြေထဲကျွံဝင်ကာ လူများစွာပိတ်မိနေသည့် Sky Villa ကွန်ဒိုတွင် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ မီးသတ်ဦးစီးဌာနက အဖွဲ့ဝင် ၅၀ ဦးတို့သည် ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်များ စတင်လုပ်ဆောင်နေကြောင်း ဖော်ပြသည်။

မန္တလေးက Great Wall Hotel ပြိုကျပျက်စီးသည့်နေရာတွင် အိန္ဒိယနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ဦးတို့ ရှာဖွေကယ်ဆယ်ရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံက လာရောက်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်း ဖော်ပြသည်။ သို့သော် မည်သည့်နေရာတွင် ကယ်ရေးလုပ်ငန်းစတင်နေသည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပေ။

မြန်မာငလျင်ဘေးတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် ရုရှား၊ မလေးရှားနိုင်ငံတို့က ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိနေပြီး ထိုင်းနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့လည်း ယနေ့ ရောက်ရှိရန် ရှိနေသည်။