ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်မှ တောင်ကိုးရီးယားသို့ ပျံသန်းသည့်လေယာဉ် အဆင်းတွင်ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးမှုများ

December 29, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တောင်းကိုးရီးယားတောင်ပိုင်းသို့ ယနေ့ ဒီဇင်ဘာလ ၂၉ရက် နံနက်ပိုင်းက ပျံသန်းလာသော Jeju Air လေယာဉ်သည် လေဆိပ်အဆင်းတွင် ဘီးချ၍ မရဘဲ လေဆိပ်ခြံစည်းရိုးနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ခဲ့သည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ကျော်နှင့် လေယာဉ်အမှုထမ်း ၆ ဦး စုစုပေါင်း ၁၈၁ ဦး လိုက်ပါလာပြီး လက်ရှိအချိန်အထိ နှစ်ဦးကို ကယ်တင်နိုင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

ထိုင်းစံတော်ချိန် နံနက် ၁၁ နာရီ (မြန်မာစံတော်ချိန် ၁၀နာရီခွဲ) တွင် ရရှိထားသော နောက်ဆုံးအချက်အလက်များအရ လေယာဉ်ပေါ် လိုက်ပါလာသူများအနက် နှစ်ဦးကို ကယ်တင်ထားနိုင်ပြီး ကျန် ၁၇၉ ဦးစလုံး သေဆုံးသည်ဟု တောင်ကိုရီးယား မီးသတ်တပ်ဖွဲ့က အတည်ပြုထားသည်။

လေယာဉ်ပေါ်လိုက်ပါလာသူများသည် တောင်ကိုးရီးယားနိုင်ငံသားအများစုဖြစ်ပြီး ထိုင်းနိုင်ငံသားများလည်း ပါဝင်ကြောင်း နိုင်ငံတကာသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

Ref: BBC, Aljazeera