BREAKING
October 29, 2025

တနင်္သာရီ ကိုးအင်းရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

October 29, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကိုးအင်းရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၉ရက် နံနက် ၉ နာရီဝန်းကျင်တွင် ကိုးအင်းရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ြနအဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ရွာအနီးအနားတွင် ခြောက်ကြိမ်ပတ်ပြီး ဗုံးတစ်လုံးကြဲချခဲ့သလို စစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။

“တစ်ခါမှ အဲဒီလို အကြာကြီး လာဝဲတာ မကြုံဖူးဘူး။ ဘယ်ကို ကြဲချမယ်မှန်း မသိ ကြောက်လိုက်တာ အသံတွေပါ တုန်ကုန်တယ်။ ထိခိုက်မှုတော့ အတိအကျ မသိရသေးဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ကထိန်ပွဲကိုမူ ပြီးဆုံးအောင် ဆက်လက်ကျင်းပခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်က လေကြောင်းကြဲသည့် နေရာမှာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လာရောက်ကြဲသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကိုးအင်းရွာ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ၂နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်က အောက်တိုဘာလ ၂၇ရက်တွင်လည်း လေးမိုင်ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။