ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရခိုင်အခြေစိုက် DMG သတင်းဌာန ဝင်စီးခံရပြီး သတင်းထောက်တစ်ဦးအပါအဝင် နှစ်ဦးဖမ်းဆီးခံရ

October 29, 2023

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း DMG သတင်းထောက် တစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စသုံးလုံး၊ သတင်းရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းဖြစ်ပြီး ရုံးရှိပစ္စည်းများယူဆောင်သွားသည့်အပြင် ရုံးကိုလည်း ချိပ်ပိတ်သွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဝင်ရောက်စီနင်းဖမ်းဆီးသည်ကို သေသေချာချာ မသိရသေးကြောင်း အဆိုပါ သတင်းထောက်က ပြောဆိုသည်။

၂၀၁၉ ခုနှစ်တွင် DMG အယ်ဒီတာချုပ်ကို စစ်တပ်က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂) ဖြင့် တရားစွဲထားပြီး အယ်ဒီတာချုပ်မှာ တိမ်းရှောင်နေသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင်လည်း စစ်တပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့သေးသည်။