BREAKING
October 19, 2025

ပုလော၊ ကျောက္ကာရွာ မီးလောင်မှု နေအိမ် ၄ ဆောင်ပျက်စီး

August 29, 2025

ပုံစာ-ကျောက္ကာရွာရှိ နေအိမ်များမီးလောင်နေသည်ကိုတွေ့ရစဉ်

ပုလောမြို့နယ် ကျောက္ကာကျေးရွာ ရာဇဂြိုလ်ကမ်းတွင် ယနေ့(ဩဂုတ် ၂၉ရက်) မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၄ ဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရာဇဂြိုလ်ကမ်း ရေခဲစက်အနီးရှိ (ဒေသအခေါ်) ကျွန်းသာယာကမ်းတွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဓာတ်ဆီရောင်းတဲ့အိမ်က ရှော့(လျှပ်စစ်)ဖြစ်ပြီးလောင်တာ။ ပင်လယ်ဘက်ဆိုတော့ မီးသတ်မရှိဘူး”ဟု အဆိုပါအမျိုးသမီးက ပြောသည်။

အဆိုပါမီးလောင်မှုကို ရွာခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မီးလောင်မှုက ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျဉ်ထောင်အိမ်အမျိုးအစား အိမ် ၄ ဆောင် မီးလောင်ပျက်စီးသွားပြီး လူထိခိုက်ခြင်းမရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

၂၀၁၆ ခုနှစ်ကလည်း ကျောက္ကာကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ဖူးသည်။