ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်ဖိုက်တာ တာကဲရုနဲ့ သူ့ချစ်သူ အာအိုအိတို့ လက်ထပ်လိုက်ကြပြီ

July 29, 2025

ONE Championship ရဲ့ ကစ်ဘောက်ဆင် စူပါစတား ဂျပန်ဖိုက်တာ တာကဲရု ဟာ မနေ့တုန်းက သူ့ရဲ့ချစ်သူ အာအိုအိ ကာဝါဂူချီနဲ့ ဂျပန်နိုင်ငံမှာ မင်္ဂလာပွဲကျင်းပပြီး သူ လက်ထပ်လိုက်ပြီဆိုတဲ့အကြောင်းကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။

တာကဲရု ဟာ သူ့ရဲ့အသက် ၃၄ နှစ်ပြည့်မွေးနေ့ မကျရောက်ခင် တစ်ရက်အလိုမှာ မင်္ဂလာပွဲကျင်းပလိုက်တာဖြစ်ပြီး ဒီနေ့ ကျရောက်တဲ့ သူ့မွေးနေ့မှာတော့ တာကဲရုက အမေရိကန်ပြည်ထောင်စုဆီကို လေ့ကျင့်ရေးအတွက် ထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။

လက်ထပ်မင်္ဂလာပွဲကျင်းပပြီးတဲ့နောက်မှာ တာကဲရု က “ဖိုက်တာတစ်ယောက်အနေနဲ့ ကဏ္ဍသစ်တစ်ခုဆီကို ရောက်လာခဲ့ပါပြီ။ အခုကစပြီး ကျွန်တော့်မိသားစုရဲ့တာဝန်တွေကို ပုခုံးထက် ထမ်းရတော့မှာပါ” လို့ သူ့ရဲ့ခံစားချက်ကို အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။