BREAKING
October 31, 2025

မော်တန် ယူးလ်မန်ကို ခေါ်ယူဖို့အတွက် မန်ယူ ကမ်းလှမ်းမှုစတင်၊ ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေသေး

July 29, 2025

မန်ယူ ဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ မော်တန် ယူးလ်မန် ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ စတင်လိုက်ပါပြီ။ အသက် ၂၆ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ယူးလ်မန်အတွက် မန်ယူကယူရို သန်း ၄၀ (ပေါင် ၃၅ သန်း) နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စပို့တင်းလစ္စဘွန်းဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် အနည်းဆုံးအဖြစ် ယူရို သန်း ၅၀ (ပေါင် ၄၃ ဒသမ ၄ သန်း) လောက်အထိ လိုချင်နေတာကြောင့် ညှိနှိုင်းမှုက အဆင်မပြေသေးပါဘူး။ ယူးလ်မန် ကို ဂျူဗင်တပ်အသင်းကလည်း ခေါ်ယူချင်နေတာကြောင့် မန်ယူအနေနဲ့ အပြိုင်အဆိုင် ကြိုးစားရတာမျိုးတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

မော်တန် ယူးလ်မန် ဟာ ကွင်းလယ်ခံစစ်မှာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ယူ လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းကွက်လပ်ကို ယူးလ်မန် က အားဖြည့်ပေးနိုင်လိမ့်မယ်လို့ မန်ယူနည်းပြ အေမိုရင် က ယုံကြည်နေပါတယ်။

မန်ယူဟာ တိုက်စစ်မှူးသစ်တစ်ယောက် ထပ်ခေါ်ဖို့ စီစဉ်နေပြီး လိုက်ပ်ဇစ်ဂျ်တိုက်စစ်မှူး ဆက်စ်ကိုနဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး ဝတ်ကင်းစ်တို့ နှစ်ယောက်ထဲက တစ်ယောက်ကို မန်ယူက အရခေါ်ယူချင်နေပါတယ်။

ဆက်စ်ကို,ကို ခေါ်ယူဖို့အတွက် နယူးကာဆယ်ကလည်း ကြိုးစားနေတာကြောင့် မန်ယူဟာ သူ့ကို ရဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားရနိုင်ပါတယ်။ လိုက်ပ်ဇစ်ဂျ်ကတော့ ဆက်စ်ကို,ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၈၀ ရမှပဲ လက်လွှတ်ပေးနိုင်မယ်လို့ ပြောထားပါတယ်။

Source – BBC Sports