ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မန္တလေး Sky Villa ကွန်ဒိုတွင် ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်၊ ကိုးဦးသေဆုံး

March 29, 2025

ဓာတ်ပုံ - Myanmar Fire Services Department

မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေထဲကျွံဝင်သွားသည့် Sky Villa ကွန်ဒိုတွင် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး သေဆုံးသူ ကိုးဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါ အဆောက်အအုံတွင် ပိတ်မိနေသူများကို ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။

ငလျင်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်၊ ဒဏ်ရာရသူ ၂၃၀၀ ကျော်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။