BREAKING
November 7, 2025

ရေခဲပြင်အောက်က မြို့တစ်မြို့ကို နာဆာတွေ့ရှိ

November 28, 2024

ဂရင်းလန်းကျွန်းမှ ရေခဲပြင်အောက် ပေတစ်ရာအနက်တွင် တိမ်မြုပ်နေသည့် မြို့တစ်မြို့ကို နာဆာက တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် နာဆာအဖွဲ့၏ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ဂရင်းလန်းကျွန်းပေါ်တွင် ရေဒါဖြင့် ထောက်လှမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းမှာ Camp Century ဟု အမည်ရသည့် စစ်အေးခေတ် အမေရိကန် လျှို့ဝှက်စစ်အခြေစိုက် စခန်းတစ်ခုဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုကို တိုက်ခိုက်ရန် ရည်ရွယ်သည့် အဏုမြူဒုံးကျည်များ သိုလှောင်ထားရှိရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။သို့သော် ယင်းစီမံကိန်းကို အမေရိကန်အစိုးရက အပြီးမသတ်နိုင်ခဲ့ဘဲ စွန့်လွှတ်လိုက်သည်ဟု သိရသည်။

ယင်းရေခဲပြင်အောက်တွင် အဏုမြူစွန့်ပစ်ပစ္စည်းများ ဂါလန်ထောင်နှင့်ချီ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။