BREAKING
November 12, 2025

ထားဝယ်ခရိုင် ဒုကြက်ခြေနီတပ်ဖွဲ့မှူးအဖမ်းခံရ

November 28, 2022

ထားဝယ်ခရိုင် ဒုတိယကြက်ခြေနီတပ်ဖွဲ့မှူးသည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အဖမ်းခံလိုက်ရကြောင်း ကြက်ခြေနီတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

ခရိုင်ဒုကြက်ခြေနီတပ်ဖွဲ့မှူးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။

“ဘာကြောင့် ဖမ်းသွားတယ်ဆိုတော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

မိသားစုနှင့်နီးစပ်သူတစ်ဦးကလည်း ဦးကိုကိုနိုင်အဖမ်းခံသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

လက်ရှိတွင် မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

အသေးစိတ် အချက်အလက်များကို ဆက်လက်ဖော်ပြ သွားပါမည်။