BREAKING
October 19, 2025

မြိတ်တွင် ဆန်ကြမ်းဈေးနှုန်း ဆက်တိုက်မြင့်တက်

October 28, 2022

မြိတ်မြို့၏ အခြေခံစားသောက်ကုန်တို့အနက် ဆန်‌ဈေးနှုန်းဆက်တိုက် မြင့်တက်လာနေပြီး ယခုအပတ်တွင် တစ်ထောင်ကျပ်အထိ ထပ်မံမြင့်တက်ခဲ့သည်။

ယခင်အပတ်က ၁၀ ပိဿာပါ စားအုန်းဆီ(ပုံးဝါ)သည် ၆၃၀၀၀ ကျပ်မှ ၆၆၀၀၀ ကျပ်အထိ ဈေးပြန်တက်လာခဲ့သည်။

ငရုတ်သီးဈေးကွက်တွင် ငရုတ်သီးခြောက်(ရွှေအပ်)ဈေး ၂၀၀၀ တက်ခဲ့ပြီး၊ ငရုတ်သီးခြောက်(ငရုပ်ပု)ဈေး တစ်ထောင်ကျပ် ကျဆင်းလာသည်။

ထို့ပြင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်နှင့် ပဲလုံးဆီ၊ ကြက်သွန်နီးဈေးတို့လည်း အပြောင်းအလဲဖြစ်ခဲ့ပြီး ဈေးတက်ခဲ့သည်။

မြိတ်မြို့တွင် အခြေခံစားသောက်ကုန် ထက်ဝက်နီးပါးခန့် ဈေးတက်လာနေခြင်းဖြစ်သည်။