ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ထိုင်းပြည်သူများက ဘန်ကောက်မြို့ အနုစာဝရီကျောက်တိုင် (Victory Monument) တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။












ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့၏ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရန် ပြည်သူများက ဆက်တိုက်ဆန္ဒပြနေခြင်းဖြစ်သည်။
ဆန္ဒပြသူများက တိုင်းပြည်အချုပ်အခြာအာဏာကို ကာကွယ်ကြရန်နှင့် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
Ref: The Reporter, AP