BREAKING
November 18, 2025

ဂျိုရှူအာဗန်ကြောင့် ချင်းဘုရားကျောင်းကိုတောင် နေ့ချင်းညချင်း လူသိများသွားပြီ

June 28, 2025

ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ကြောင့် ချင်းခရစ်ယာန်ဘုရားကျောင်းကို လူသိများသွားခဲ့ပါပြီ။

ဂျိုရှူအာဗန်ရဲ့လှုပ်ရှားမှုတွေကို ရိုက်ကူးတင်ဆက်နေတဲ့ UFC ဟာ ချင်းခရစ်ယာန်ဘုရားကျောင်းအထိ သွားရောက်ပြီး ဂျိုရှူအာဗန်ရဲ့လှုပ်ရှားမှုတွေကို ရိုက်ကူးခဲ့တာပါ။

UFC က တင်ဆက်ပြသလိုက်ပြီးတဲ့နောက်မှာတော့ ဂျိုရှူအာဗန်ရဲ့ ပုံရိပ်နဲ့အတူ ချင်းခရစ်ယာန်ဘုရားကျောင်းကိုလည်း လူသိများသွားခဲ့ပါတယ်။

UFC ဟာ UFC 317 Embadded ရဲ့ Vlog Episode – 2 မှာ ချင်းခရစ်ယာန်ဘုရားကျောင်းဆီ ဂျိုရှူအာဗန် သွားရောက်နေတဲ့မြင်ကွင်းတွေကို ထုတ်လွှင့်ပြသခဲ့တာပါ။

ဒီအပိုင်းမှာ ဂျိုရှူအာဗန်ရဲ့ဘာသာတရားကိုင်းရှိုင်းပုံနဲ့ ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို စနစ်တကျ တင်ဆက်ထားတာ မြင်တွေ့ရပါတယ်။

UFC ဟာ UFC 317 Embadded ရဲ့ Vlog Episode – 1 မှာတုန်းက 4 oz Fight Club မှာ ဂျိုရှူအာဗန် လေ့ကျင့်နေပုံတွေကို တင်ဆက်ပြသခဲ့တာဖြစ်ပါတယ်။

UFC ဟာ UFC 317 Embadded ရဲ့ Vlog Episode – 2 မှာတော့ ချင်းခရစ်ယာန်ဘုရားကျောင်းထဲက ဂျိုရှူအာဗန်ရဲ့ဘဝပုံရိပ်တွေအပြင် ဂျိုရှူအာဗန်က သီချင်းကောင်းကောင်းဆိုနိုင်သလို ဂစ်တာလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ကြောင်းကို UFC က တင်ဆက်ထားပါတယ်။