BREAKING
November 3, 2025

ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ရဲ့ပွဲက နိုင်တဲ့သူဟာ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမယ်လို့ ဒေနာဝှိုက် အာမခံလိုက်ပြီ

June 28, 2025

UFC 317 ပြိုင်ပွဲကြီးအတွက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဌကြီး ဒေနာဝှိုက် က အာမခံချက်တစ်ခု ပေးလိုက်ပါတယ်။

အဲ့ဒါကတော့ ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ ထိုးမယ့်ပွဲမှာ အနိုင်ရတဲ့သူကို ချန်ပီယံခါးပတ်စိန်ခေါ်ခွင့် ပေးလိုက်တော့မယ်ဆိုတာပါပဲ။

သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သတင်းထောက်တစ်ယောက်က ဘရင်ဒန် ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ ထိုးတဲ့ပွဲက အနိုင်ရတဲ့သူကို ချန်ပီယံခါးပတ်လုပွဲထိုးခွင့်ပေးမလားဆိုတဲ့မေးခွန်းကို ဥက္ကဌကြီး ဒေနာဝှိုက်က ဖြေကြားချိန်မှာ အခုလို ပြောသွားခဲ့တာပါ။

မနက်ဖြန်ထိုးရမယ့်ပွဲတွေကိုကြည့်လိုက်ရင် Co-Main ပွဲကလည်း ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ ဖြစ်နေပြီး အဲဒီမတိုင်ခင် ထိုးရမယ့် ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ရဲ့ပွဲကလဲ ဖလိုင်းဝိတ်တန်းပွဲ ဖြစ်လို့နေပါတယ်။

ဂျိုရှူအာဗန် ဟာ မာနယ်လ်ကိတ်ရဲ့နေရာကို Short Notice နဲ့ အစားဝိင်ရောက်ခွင့်ရရှိပြီး ရွိုင်းဗောလ်နဲ့ ထိုးဖို့ ဖြစ်လာတာပါ။

ရွိုင်းဗောလ် ကလည်း သူဟာ အဆင့် ၁၀ နဲ့ အဆင့် ၁၀ ပြင်ပက ဖိုက်တာတွေနဲ့ တစ်ခါမှ မထိုးဖူးတာမို့ ဂျိုရှူအာဗန်နဲ့ပွဲအတွက် အရမ်းပဲ ရင်ခုန်နေမိတယ်လို့ ပြောထားပါတယ်။

ဒေနာဝှိုက်က အနိုင်ရသူကို ချန်ပီယံရွှေခါးပတ်လုပွဲပေးမယ်လို့ ပြောလိုက်တာကြောင့် ချင်းဖိုက်တာလေး ဂျိုရှူအာဗန် သာ နိုင်သွားခဲ့ရင်တော့ တကယ့်ကို ဝမ်းသာစရာဖြစ်လာတော့မှာပါပဲ။