ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် ဆင်ဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်

June 28, 2021

ထားဝယ်မြို့ပေါ်ရှိ ဆင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၂၇ ရက်ညက မီးလောင်ကျွမ်းခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ အခန်းတစ်ခန်း မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိတွင် မီးငြိမ်းပြီဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးက Dawei Watch သို့ ပြောသည်။

လက်ရှိတွင် မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးက ဆိုသည်။

ဆင်ဆိပ်ရပ်ကွက်သည် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။