BREAKING
November 5, 2025

CDM လုပ်နေသည့် ထားဝယ်က ဘဏ်ဝန်ထမ်းအချို့ အလုပ်ထုတ်ခံရ

April 28, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေသည့် မြန်မာ့အရှေ့တိုင်းဘဏ်(MOB) ထားဝယ်ဘဏ်ခွဲမှ ဝန်ထမ်း ၁၀ ဦးမှာ ဧပြီလ ၂၈ ရက်တွင် အလုပ်မှရပ်ဆိုင်းခံလိုက်ရသည်။

ဘဏ်မှသတ်မှတ်ထားသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ အလုပ်မှရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အလုပ်ရပ်နားသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

“အစကတည်းက ဒီလိုအလုပ်ထုတ်ခံရမယ်ဆိုတာသိလျက်နဲ့ CDM လုပ်တာဆိုတော့ သိပ်တော့မခံစားရဘူး” ဟု အလုပ်ရပ်ဆိုင်းခံလိုက်ရသည့် MOB ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

လက်ရှိတွင် CDM လုပ်နေသည့် အခြားပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း အလုပ်ပြန်မဆင်းပါက အလုပ်ထုတ်ပစ်မည်ဟုဆိုကာ ဖိအားပေးခံနေရသည်။

ယခင်က ဘဏ်ဝန်ထမ်းတော်တော်များများ CDM တွင်ပါဝင်သော်လည်း အချို့မှာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်သည်။