BREAKING
June 17, 2025

မြိတ်ဒေသ ကိုရိုနာဗိုင်းရပ်စ် အပလီကေရှင်း

April 28, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ် သက်သည့် အချက်အလက်များ ကြည့် နိုင်သည့် မိုဘိုင်း အပလီကေးရှင်း (Mobile App) တစ်ခုကို မြိတ်ကွန်ပျူ တာ တက္ကသိုလ်ကျောင်းသားနှစ်ဦးက ဖန်တီးလိုက်သည်။

Myeik Corona Reportအမည် ရှိ အပလီကေးရှင်းကို မြိတ်ကွန်ပျူတာ တက္ကသိုလ်မှ ကိုအောင်သူရိန်ထွန်းနှင့် ကိုသီဟသိန်းထိုက်တို့ ပူးပေါင်းပြီး ရေးဆွဲထားခြင်း ဖြစ်သည်။

“ဒီကိုဗစ်(ကာလ)ကြီးမှာ တတ်နိုင် သမျှ ပါဝင်ကူညီပေးချင်လို့ပါ”ဟု အထက်ပါ ကျောင်းသား ကိုအောင်သူရိန်ထွန်းက ပြောသည်။

အဆိုပါ အပလီကေးရှင်းတွင် မြိတ် ခရိုင်အတွင်းရှိ အရေးကြီးဖုန်းနံပါတ်များအား တစ်စုတစ်စည်းတည်း တွေ့ရမည် ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းများ၊ သတင်းထုတ်ပြန်ချက် များကို ထည့်သွင်းထားကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)