ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• စစ်အာဏာရှင်တပ်သားတွေပိတ်မိနေတဲ့ ဂုံညှင်းဆိပ်ရွာနဲ့ဝန်းကျင်ကို ၁၀ ရက်တိုင် လေယာဉ်နဲ့ဗုံးကြဲ
• တနင်္သာရီတိုင်းရဲရုံးနဲ့ စစစရုံးကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်
• ပုလောမြို့နားက စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်
• ဓာတ်ဆီပြတ်လပ်နေလို့ တနင်္သာရီရှိ စစ်ဘေးရှောင်တွေဆီ ရိက္ခာနဲ့ဆေးဝါးပို့ဖို့ကြန့်ကြာနေ
• မြိတ်-ကျွန်းစုသွား အမြန်ရေယာဉ်ပေါ် လူငယ် ၃၀လောက်ကို စစ်အာဏာရှင်တပ်က ဖမ်းပြီး ကျပ်သိန်းဆယ်ချီနဲ့ ပြန်ရွေးခိုင်း
• စစ်အာဏာရှင်တပ်က လက်နက်ကြီးနဲ့ပစ်လို့ လောင်းလုံးက ထန်းတက်သမားတစ်ဦး သေဆုံး
• အာဏာသိမ်းကာလအတွင်း အမျိုးသမီးလစဉ်သုံးပစ္စည်းဈေး ၁၀ ဆအထိ မြင့်တက်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး” ဖြစ်နေတဲ့အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






