BREAKING
November 12, 2025

ငလျင်ကြောင့် ဘန်ကောက်ကဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံပြိုကျ

March 28, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်စ အထပ်မြင့် အဆောက်အအုံတစ်လုံး ပြိုကျသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်ကောက်မြို့ ချာတူးချက်ဒေသရှိ ဆောက်လက်စ အဆောက်အအုံ ပြိုကျခြင်းဖြစ်ပြီး အဆောက်အအုံထဲတွင် အလုပ်သမား ၅၀ ခန့် အလုပ်လုပ်နေသည့်အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်း၏ ဖော်ပြချက်အရ သိရသည်။

ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကိုမူ မသိရသေးကြောင်း အထဲတွင် အလုပ်သမား ၄၀ ကျော် ပိတ်မိနေဆဲဖြစ်ကြောင်း၊ ပြိုကျသောနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားပြီးဖြစ်ကြောင်း သတင်းများအရသိရသည်။

ငလျင်ကြောင့် ဘန်ကောက်တွင် မိုးပျံရထားပြေးဆွဲမှုများနှင့် လေယာဉ်ခရီးစဉ်များကိုပါ ယာယီရပ်တန့်ထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် နောက်ဆက်တွဲ ငလျင်ထပ်လှုပ်ခတ်နိုင်သဖြင့် ဘန်ကောက်နေပြည်သူများ ညနေ ၃ နာရီအထိ သတိထားစောင့်ကြည့်ကြရန် ထုတ်ပြန်ထားသည်။

Ref: Matichon Online, Khaosod English, Thai Enquirer