ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
- ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲမှာ စစ်အာဏာရှင်တပ်သား ၁၀ကျော် ဖမ်းမိ
- သရက်ချောင်းမြို့နယ်ထဲက ကျေးရွာငါးရွာကို စစ်အာဏာရှင်တပ် လေယာဉ်နဲ့ဗုံးကြဲ
- ပုလောရှိ စစ်စခန်းတစ်ခုကို KNLA နဲ့ DNLA တပ်တို့ တိုက်ခိုက်သိမ်းယူပြီးနောက် လေယာဉ်နဲ့ဗုံးကြဲ
- ပလမြို့ ဇရပ်ဆိပ်ရွာမှာ ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းကြောင့် သေဆုံး
- တနင်္သာရီ လယ်သစ်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲ
- နယ်စပ်မှာ ကော့သောင်းဒေသခံ စစ်ဘေးရှောင်ဘုန်းကြီးခြောက်ပါးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးပြီးလူဝတ်လဲတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “နောက်မျိုးဆက်အတွက် မြေစာပုံတွေနဲ့ ရေဆိုးရေညစ်တွေပဲ ချန်ထားတော့မှာလား” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






