ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

January 28, 2024

အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ကို နားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွေ ရှိနေလို့ပါပဲ။

အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ပွဲချောင်နေတာက မန်ယူနဲ့ လီဗာပူးပဲဖြစ်ပါတယ်။ လီဗာပူးက နောဝစ်ချ်ကို အိမ်ကွင်းအန်ဖီးလ်မှာ လက်ခံကစားရမှာဖြစ်လို့ ပိုပြီး ပွဲချောင်နေတယ်လို့တောင် ဆိုရမလိုပါပဲ။

မန်ယူကတော့ အဝေးကွင်းမှာ လိဂ်-၂ က နယူးပေါ့တ်နဲ့ ရင်ဆိုင်ရမှာပါ။ Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် ဒီပွဲစဉ် ၂ ပွဲကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။