ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• ထားဝယ်မြို့ပေါ်မှာ ဧည့်စာရင်းနဲ့နေထိုင်သူတွေကိုပါ စစ်မှုထမ်းအတွက်ဖမ်းဆီးလာ
• ပိတ်ရတော့မယ်ဆိုတဲ့ မြိတ်မြို့က အခမဲ့ဆေးခန်း နေရာသစ်ပြောင်းပြီး ဆက်ဖွင့်မယ်
• တနင်္သာရီမှာ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်လို့ ခရစ်ယာန်ကျောင်း ထိခိုက်ပျက်စီး
• မောတောင်လမ်းမှာ စစ်အာဏာရှင်တပ်ကအင်အားထပ်ဖြည့်နေပြီး တိုက်ပွဲဆက်ပြင်းထန်
• မြိတ် သကန်တောင်ပုရွာစစ်အာဏာရှင်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ နှစ်ရက်ဆက်တိုက်ခိုက်
• ပုလောမှာ CDM ဆရာမဇနီးမောင်နှံအသတ်ခံရ
• စျေးကွက်အဝယ်မရှိလို့ ဂွေးခြောက်လုပ်ကိုင်သူ နည်းလာတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “စစ်အာဏာရှင် အင်အားဖြည့်တင်းဖို့ စတေးခံနေရတဲ့ ထိုင်းရောက်မြန်မာတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






