ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စုရွေးကောက်ပွဲကို စောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် နိုင်ငံခြောက်ခုက ကိုယ်စားလှယ်များရောက်

December 27, 2025

ပုံစာ - စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် နိုင်ငံတကာ ကိုယ်စားလှယ်အချို့ ဒီဇင်ဘာလ ၂၆ ရက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်။ ဓာတ်ပုံ - MOI

စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲကို စောင့်ကြည့်ရန် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့က ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၆ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။

ရွေးကောက်ပွဲစောင့်ကြည့်ရန် ရုရှားနိုင်ငံက Deputy Chairman (State Duma) ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံက Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ကာဇက်စတန်နိုင်ငံက Deputy Chairman of the Commission Mr.Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံက NEC Member ဖြစ်သူ H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံမှ Mr.Nguyen Duc Thinh ဦးဆောင်သောအဖွဲ့ ရောက်ရှိနေကြောင်း ဆိုသည်။

မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း ၁ ကို စောင့်ကြည့်ရန် စာရင်းပေးထားသည့် အထဲတွင် အထက်ပါ ခြောက်နိုင်ငံ အပြင် ပါကစ္စတန်၊နိုင်ဂျီးရီးယား ၊ ဘစ်လာရုစ် ၊ နီပေါ ၊ ဖိလစ်ပိုင် နှင့် မြန်မာ့အိမ်နီးချင်း များဖြစ်သည့် ထိုင်း၊ လာအို စသည့် ခုနစ်နိုင်ငံကလည်း ပါဝင်ကြောင်းသံတမန် သတင်းရင်းမြစ်များကို ကိုးကား၍ ဘီဘီစီက သတင်းတစ်ရပ်တွင်ဖော်ပြသည် ။

ဘယ်လာရုစ်နိုင်ငံက ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဒီဇင်ဘာလ ၂၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။

မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း ၁ ကို စောင့်ကြည့်ရန် စာရင်းပေးထားသည့် အထဲတွင် ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ နီပေါ ၊ ဖိလစ်ပိုင် နှင့် ထိုင်း၊ လာအို စသည့်နိုင်ငံ တို့လည်း ပါဝင်ကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဘီဘီစီက သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခင်ရွေးကောက်ပွဲများတွင် ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့က စောင့်ကြည့်လေ့လာမှုများနှင့် အကူအညီပေးမှု ရှိသော်လည်း ယခု စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲတွင်မူ ယင်းသို့စောင့်ကြည့်လေ့လာမှု၊ ကူညီမှုများ မရှိသည်ကို တွေ့ရသည်။

မြန်မာစစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည် မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က ယခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

နိုင်ငံတကာအသိုက်အဝန်းကလည်း စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် ပိုမိုဆိုးရွားသွားနိုင်ကြောင်း ထောက်ပြပြောဆိုနေကြသည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) ကမူ မြန်မာစစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲဖြင့် တရားဝင်မှု အတုဖန်တီးကာ အာဏာဆက်လက်ရယူရန် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း သုံးကြိမ်ခွဲပြုလုပ်မည်ဖြစ်သည်။