တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ မောတောင်မြို့မှာ စစ်အုပ်စုကကျင်းပမယ့်ရွေးကောက်ပွဲကို အလိုမရှိဘူးလို့ မြို့ခံတွေဆန္ဒပြကြပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့တစ်ရက်အလိုဖြစ်တဲ့ ဒီနေ့မနက်မှာ ဆန္ဒပြခဲ့ကြတာပါ။
မောတောင်မြို့တည်ရှိတဲ့ တနင်္သာရီမြို့နယ်က စစ်အုပ်ရဲ့ရွေးကောက်ပွဲ အပိုင်း ၂မှာ ပါဝင်နေပါတယ်။
ဒါပေမဲ့ မြို့နယ်ထဲက နေရာအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာပါ။
စစ်အုပ်စုကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရပ်ကွက်ကျေးရွာစာရင်းထုတ်ပြန်ရာမှာ မောတောင်မြို့လည်း ပါဝင်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တာပါ။






