BREAKING
May 21, 2025

ဇမ္ဗူသီရိ အရေးပေါ်ဖုန်း ဆက်သွယ်ရခက်သဖြင့် ဖုန်းနံပါတ်အသစ်ထုတ်ပြန်

December 27, 2023

အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဖြစ်သည့် ဇမ္ဗူသီရိအဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်မှာ ခေါ်ဆို ဆက်သွယ်ရခက်ခဲနေသဖြင့် အရေးပေါ် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်အသစ် အဆိုပါအဖွဲ့က ထုတ်ပြန်လိုက်သည်။

အရေးပေါ်ဖြစ်လာပါက ဆက်သွယ်နိုင်မည့် ဇမ္ဗူသီရိအဖွဲ့၏ မူလအရေးပေါ် ဖုန်းနံပါတ်ဖြစ်သော ၀၉၄၉၁၀၀၁၅၆ အစား ၀၉၂၅၁၁၄၂၁၅၅ ဖုန်းနံပါတ်သို့‌ ပြောင်းလဲခေါ်ဆိုရန် ယင်းအဖွဲ့ ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း မူလအရေး‌ပေါ်ဖုန်းနံပါတ်မှာ ခေါ်ဆိုမရသည့် အခက်အခဲများဖြစ်ပေါ်နေသောကြောင့် ဖုန်းနံပါတ် ပြောင်းလဲ အသိပေးရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

“၄၉နဲ့ စတဲ့ ဖုန်းနံပါတ်တချို့ ခေါ်ဆိုမရဖြစ်နေတာကြောင့် ပြောင်းလိုက်တာ” ဟု ၎င်းက ပြောဆိုသည်။

မူလအရေးပေါ်ဖုန်းလိုင်း ပြန်လည်ကောင်းမွန်လာပါက ဖုန်းနှစ်လုံးစလုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဇမ္ဗူသီအဖွဲ့သည် ထားဝယ်ခရိုင်အတွင်းရှိ သဘာဝဘေးကယ်ဆယ်ရေးနှင့် အရေးပေါ်လူနာများကို မြို့နယ်အ‌ခြေစိုက် အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကူညီသယ်ဆောင်ပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။