BREAKING
November 27, 2025

ဂီနီဘစ်ဆောနိုင်ငံတွင် စစ်တပ် အာဏာသိမ်း

November 27, 2025

ဓာတ်ပုံ - AFP

အာဖရိကတိုက်၌ အာဏာသိမ်းမှု မကြာခဏဖြစ်ပွားလေ့ရှိသည့် ဂီနီဘစ်ဆောတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဖြစ်ကြောင်း စစ်ဘက်အရာရှိအုပ်စုတစ်စုက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကြေညာလိုက်သည်။

အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲ မဲရလဒ် ကြေညာရန် တစ်ရက်အလိုတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။

သမ္မတအူမာရို စစ်ဆိုကိုအမ်ဘာလိုအား ဖြုတ်ချလိုက်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း စစ်တပ်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။

နယ်စပ်များကို ပိတ်ကာ ညမထွက်ရအမိန့် ပြဋ္ဌာန်းမည် ဖြစ်ကြောင်းလည်း စစ်တပ်က ကြေညာခဲ့သည်။

ငြိမ်ဝမ်ပိပြားမှုပြန်လည်တည်ဆောက်ရေးအဆင့်မြင့်စစ်ဘက်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း စစ်တပ်က ကြေညာခဲ့သည်။

နောက်ထပ်အမိန့်ကြေညာချက် ထွက်ပေါ်လာခြင်းမရှိခင်အထိ စစ်တပ်က နိုင်ငံကို အုပ်ချုပ်သွားမည် ဖြစ်ကြောင်း ဆိုသည်။

Source: Reuters