ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• စစ်ခေါင်းဆောင်လာခါနီးချိန် ထားဝယ်ခရိုင်က ကျေးရွာ ၁၀ ရွာကျော်ကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အကြောင်း
• စစ်ခေါင်းဆောင်ခရီးစဉ်ရှိနေလို့ မြိတ်ငါးအမှုန့်ကြိတ်စက်ရုံ ရက်ပိုင်းလောက် အနံ့ဆိုးမထွက်တော့ အခြေအနေ
• တနင်္သာရီရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်တွေမှာ ကုန်စည်စစ်ဆေးမှုပိုတင်းကျပ်လာတဲ့သတင်း
• မဇောကျေးရွာအုပ်စုမှာ စစ်မှုထမ်းအတွက် ရွာနှစ်ရွာဆီက ကျပ်သိန်းငါးဆယ် ခြိမ်းခြောက်ကောက်ခံနေတဲ့အခြေအနေ
• ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာကို စစ်အာဏာရှင်တပ်လေကြောင်းက ၉ရက်ဆက် ဗုံးကြဲတဲ့အကြောင်း
• ကလိန်အောင် – ကံပေါက်လမ်းပိုင်းမှာ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တစ်ခု ထပ်တိုးလာတဲ့သတင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ပြည်တွင်းမှာ စစ်မှုထမ်း၊ ပြည်ပမှာ ထိုင်းကဖမ်း – ခိုလှုံရာမဲ့လာတဲ့ တောင်ပိုင်းက လူငယ်တွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။