BREAKING
October 20, 2025

ပုလော၊ ကျောက္ကာရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်

June 27, 2025

ဓာတ်ပုံ - ပုလော-ပကဖ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျူစောထီးစခန်အား တော်လှန်ရေးပူပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်တို့က ယနေ့ ဇွန်လ ၂၇ ရက် နံနက် ၅နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင်း ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ပျူစောထီးသုံးဦးသေဆုံးပြီး သေနတ်ငါးလက် အပါအဝင် ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ သတင်းအရကြိုတင်စီစဥ်ပြီးမှ သွားတာပါ။ လက်နက် ၁၀ ကျော်ရှိတယ်လို့တော့ ကြားထားတယ်။ စခန်းမှာပျူ ၃ယောက်ပဲရှိတာဆိုတော့ လက်နက်ငါးလက်ပဲ သိမ်းဆည်းရမိခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

တိုက်ခိုက်မှု အခြေအနေအား မေးမြန်းရန် ကျောက္ကာဒေသခံအချို့ကို ဆက်သွယ်ခဲ့သေးသော်လည်း ဆက်သွယ်ရခက်ခဲနေသဖြင့် မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းအောက်ရှိ တပ်ခွဲ ၃၊ တပ်ခွဲ‌ ၄၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ KNDO တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။