အက်စတွန်ဗီလာသည် မန်ယူကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရသည့်အတွက် မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူရန်ရည်ရွယ်ထားသော အစီအစဉ်ကို စွန့်လွှတ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Football Insider က ဖော်ပြထားသည်။
ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးလိုက်ရသည့်အတွက် မန်ယူဘက်က ရတ်ရှ်ဖို့ဒ်အတွက် သတ်မှတ်တောင်းဆိုထားသော ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ကို ၎င်းတို့အနေနှင့် ပေးချေရန် အဆင်မပြေနိုင်တော့ဟု ယူဆလိုက်သည့်အတွက် အက်စတွန်ဗီလာက ရတ်ရှ်ဖို့ဒ်ကို အပြီးသတ် မခေါ်ယူတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အက်စတွန်ဗီလာသည် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွင် မန်ယူကို သရေကစားနိုင်ရုံမျှဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်တစ်နေရာစာကို ရရှိနိုင်မည်ဖြစ်သော်လည်း ယင်းပွဲစဉ်တွင် မန်ယူက အက်စတွန်ဗီလာကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခြင်းကြောင့် အက်စတွန်ဗီလာမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရှိတော့ဘဲ ယူရိုပါလိဂ် ပါဝင်ကစားခွင့်ဖြင့်သာ ကျေနပ်လိုက်ရသည်။
အက်စတွန်ဗီလာဘက်က ရတ်ရှ်ဖို့ဒ် ကို အပြီးသတ်မခေါ်ယူတော့သည့်အတွက် ရတ်ရှ်ဖို့ဒ်သည် အငှားစာချုပ်သက်တမ်း ကုန်ဆုံးပါက မန်ယူထံသို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ပြီး မန်ယူက ရတ်ရှ်ဖို့ဒ်၏တန်ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်တောင်းဆိုလျက်ရှိသည်။
လက်ရှိတွင် ရတ်ရှ်ဖို့ဒ်ကို ခေါ်ယူလိုနေသည့်အသင်းအချို့ ရှိသော်လည်း ပြောင်းရွှေ့ကြေးပမာဏကိုမူ အမြင့်ဆုံးအဖြစ် ပေါင်သန်း ၃၀ ဝန်းကျင်သာ သုံးလိုလျက်ရှိကြသည်။
Source – Football Insider