ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကစားသမားအချို့ကို နည်းပြတန်ဟတ်ဂ်၏ လေဗာကူဆင်ထံ ရောင်းထုတ်ရန် မန်ယူစီစဉ်

May 27, 2025

မန်ယူအသင်းသည် အသင်းရှိ ကစားသမားအချို့ကို လေဗာကူဆင်ထံသို့ လျှော့ဈေးဖြင့် ရောင်းထုတ်လိုက်ရန် အစီအစဉ် ရေးဆွဲနေကြောင်း The Mirror က ဖော်ပြထားသည်။

လက်ရှိဖွဲ့စည်းထားသော မန်ယူအသင်း၏ပွဲထွက်ကစားသမားအများစုကို နည်းပြ တန်ဟတ်ဂ်က မန်ယူကို ၎င်းတာဝန်ယူခွင့်ရသောအချိန်ကာလအပိုင်းအခြားအတွင်း၌ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းကစားသမားများကို မန်ယူက ပြန်လည်ရောင်းထုတ်လိုနေပြီဖြစ်သည်။

လေဗာကူဆင်အသင်း၏ နည်းပြသစ်ဖြစ်လာခဲ့သော တန်ဟတ်ဂ် ကလည်း ၎င်း၏တပည့်ဟောင်းအချို့ကို မန်ယူထံမှနေ၍ လေဗာကူဆင်ထံသို့ ခေါ်ယူလိုနေပြီး မန်ယူဘက်ကမူ အပြီးသတ်ရောင်းထုတ်သော လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် အဆင်မပြေပါက ပထမအဆင့်အဖြစ် အငှားချရန် စိတ်ကူးလျက်ရှိသည်။

မန်ယူနည်းပြ အေမိုရင် သည် ၎င်းခေါ်ယူလိုလျက်ရှိသော ကစားသမားများကို ကမ်းလှမ်းနိုင်ရန်အတွက် ပထမအဆင့်အဖြစ် ၎င်းအသုံးမပြုလိုတော့သော ကစားသမားများကို ရောင်းထုတ်ရတော့မည်ဖြစ်ကာ နည်းပြ တန်ဟတ်ဂ်က မန်ယူအတွက် ခေါ်ယူထားခဲ့သော ဂိုးသမား အိုနာနာ အပါအဝင် အန်တိုနီ၊ ဟွိုက်ဂျ်လန်း၊ ဇာ့ခ်ဇီး တို့ကို အေမိုရင်က ရောင်းထုတ်လိုလျက်ရှိသည်။

Source – The Mirror